![]() |
| Fireball lily or Blood Lily (Scadoxus multiflorus) |
မြန်မာမှာ ခြင်းလုံးပန်းလို့ခေါ်ပြီး မြန်မာရဲ့အညာမှာတော့ ဘောလုံးပန်းလို့ခေါ်သတဲ့..
မူရင်းဒေသ အာဖရိကမှ Blood Lily ရယ်လို့ ၁၈၃၈ မှာ အမည်မှည့်ခေါ်ကြပြီး
တိုင်းရင်းဆေးဖော်ရာမှာ သုံးတဲ့အပြင် သူ့ဥ၊ သူ့အဖူးမှာ alkaloids ပါတော့
အဆိပ်ပြင်းလို့ အမဲလိုက်ရာ သုံးတာ သိုး၊ ဆိတ်ကိုတောင် သေစေတယ်
တစ်နှစ်မှာ တစ်ခါသာ ပွင့်ပေမဲ့ ပွင့်ချိန်မှာ အလွန်လှတဲ့ပန်းလေးပါ
ဥကနေ ပေါက်လာတဲ့ ဟောဒီပန်းက ကျေးငှက်၊ လိပ်ပြာ၊ ပျား
ကြားမှာလည်း နာမည်ကြီးလေရဲ့.တစ်ခိုင်တည်းက ပန်းလေး
များစွာ ဖူးပွင့်နေတာမျိုးမို့ Umbel လို့လည်းခေါ်သတဲ့....

No comments:
Post a Comment